မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) ဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) ဆင်းပွဲကျင်းပ




မြိတ် မတ် ၂၃
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြု အတတ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၇) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းကာလ ရက်သတ္တပတ် (၂၂) ပတ်ကာလအတွင်း သင်တန်းကျောင်းမှ သင်တန်းသူများအား ကလေးဝတ်ဘာသာရပ်၊ အမျိုးသားဝတ်ဘာသာရပ်၊ အမျိုးသမီးခေတ်မီပုံဆန်းဘာသာရပ်၊ ဂျပန်စင်တီမီတာနည်းဖြင့် သတိုးသမီးဝတ်စုံများ၊ ခေတ်ပေါ်ပုံဆန်းများကို သင်တန်းကျောင်းရှိ အပ်ချုပ်စက်၊ ဘီတင်စက်၊ ဒါးစက်၊ မော်တာအပ်ချုပ်စက်နှင့် ကွန်ပျူတာပန်းထိုးစက်များဖြင့် အခြေခံသင်ခန်းစာများ၊ အဆင့်မြင့်သင်ခန်းစာများ သင်ကြားပေးခဲ့သည်။
ထို့အတူ အိမ်တွင်းမှုဘာသာရပ်များဖြစ်သည့် လက်မှုဘာသာရပ်များ၊ ဟင်းလျာချက်ပြုတ်နည်း ဘာသာရပ်နှင့် မုန့်လုပ်နည်းဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးပြီး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ပေး၍ ပြည်ထောင်စုစိတ်ဓါတ် ဘာသာရပ်သင်ခန်းစာများနှင့် အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်များကို သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်မှ (၁၆) ဦး၊ ကျွန်းစုမြို့နယ်မှ (၆) ဦး၊ ပုလောမြို့နယ်မှ (၁) ဦးနှင့် တနင်္သာရီမြို့နယ်မှ (၇) ဦး စုစုပေါင်း သင်တန်းသူ အမျိုးသမီးငယ် (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သင်တန်းကျောင်းမှ သိရသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးထွန်းဇော်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထိုနောက် သင်တန်းထူးချွန်ဆုရရှိသော သင်တန်းသူများတွင် ပထမဆုရရှိသူအား အပ်ချုပ်စက်တစ်လုံး၊ ဒုတိယနှင့် တတိယဆုရရှိသူတို့အား ဂုဏ်ပြုဆုများကို ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထိုနောက် သင်တန်းကျောင်း ကျောင်းအုပ် ဒေါ်စုမြတ်အေးက သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ သင်တန်းဆင်းပွဲအပြီးတွင် သင်တန်းခန်းမအတွင်း သင်တန်းသူများ၏ သင်တန်းဆင်းလက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
သင်တန်းတက်ရောက်ကြသည့် သင်တန်းသူတစ်ဦးချင်းစီကို သင်တန်းကျောင်းမှ ပိတ်စကိုက် (၃၀)၊ သိုးမွေး၊ စီလွန်များ၊ လက်မှုဘာသာရပ်ပစ္စည်းများ၊ သင်တန်းသုံးပစ္စည်း (၃၈) မျိုးကို ထောက်ပံ့ပေးပြီး စားစရိတ်များလည်း ထောက်ပံ့ပေးသည့်အပြင် ရိုးရာဝတ်စုံ၊ တူညီဝတ်စုံများနှင့် အသွားအပြန် ခရီးစရိတ်များကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး
https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)