ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး(၅၀၀၀) ရှင်ပြုမင်္ဂလာပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

004

တောင်တွင်းကြီး မတ် ၃

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုမင်္ဂလာပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ဗိဿနိုးရှေးဟောင်းသုနေသနပြတိုက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှင်အပါး(၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲ ကျင်းပရေးနှင့် ပတ်သက်၍ မဟာမြိုင်သဲဖြူ ဆရာတော် ဘန္နန္တပညာဇောတထံမှ ဩဝါဒခံယူကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုအခြေအနေများ၊ ရွှေရောင်တော်ကန်ပြန်လည် တူးဖော်‌နေသည့်အခြေအနေများ၊  (၄)လက်မ စက်ရေတွင်းတူးဖော်နေမှု အခြေအနေများ၊ စင်မြင့်ရေစင်မှ ရွှေရောင်တော်ဘုရားတောင်ဘက်ကန်သို့ ရေပိုက်သွယ်တန်းခြင်းနှင့် စတုံအထက်ဆည်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ၊ အလှူပွဲတော်ရက် လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး စီစဉ် ဆောင်ရွက်ထားမှုအ‌ခြေအနေများ၊ မြို့ဟောင်းအဝင်မုခ်ဦးမှ ရွှေရောင်တော်ဘုရားအထိ ၅ ပေ အကျယ် လမ်းတိုးချဲ့မည့်အခြေအနေများနှင့် ရှင်ပြုပွဲမှ ပြန်လည်ပင့်ဆောင်လာသည့် ရှင်သာမဏေများအား သီတင်းသုံးနေထိုင်ရန် စာသင်ကျောင်းများတွင် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများအား မှတ်တမ်းဓာတ်ပုံများဖြင့် ရှင်းလင်းတင်ပြလျှောက်ထားရာ မဟာမြိုင်သဲဖြူ ဆရာတော်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မိန့်ကြားခဲ့ပြီး ဗဟိုမဏ္ဍပ်ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်း ရှိ ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး (၅၀၀၀) ရှင်ပြုအလှူမင်္ဂလာပွဲကြီးကို လာမည့်ဧပြီလ (၅)ရက်နေ့မှ (၇)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Pages