ကျုံမငေးမြို့ မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါကတုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျုံမငေးမြို့ မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါကတုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်

%E1%81%85%E1%81%83

ဝါးခယ်မ ၊ မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို ကျုံမငေးမြို့ မြို့မဈေးကြီးတွင် ယမန်နေ့ မွန်လွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                     ရှေးဦးစွာ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းကိုလတ်က မီးသတ်ဆေးဗူး အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဗူးကိုအသုံးပြု၍ မီးငြိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြိမ်းသတ်နည်း၊ မီငြိမ်းသတ်ယာဉ်ဖြင့် လက်တွေ့သရုပ်ပြခဲ့ကြသည်။

              အဆိုပါ မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် ကျုံမငေးမြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒုရဲအုပ်စိုးနိုင်၊ လက်ထောက်မီးသတ် ဦးစီးမှူးနှင့်အဖွဲ့များ၊ ကျုံမငေးမြို့ မြို့မစျေးကော်မတီဝင်များနှင့် စျေးသူစျေးသားများအား လက်တွေ့သရုပ်ပြသလေ့ကျင့်ခဲ့ကြောင်း သိရသည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages