မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) စာသင်ဆောင်နှင့် သင်တန်းသူအိပ်ဆောင် ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) စာသင်ဆောင်နှင့် သင်တန်းသူအိပ်ဆောင် ဖွင့်ပွဲအခမ်းအနား တက်ရောက်



မကွေး မတ် ၂၄

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)ရှိ အောင်တေဇ စာသင်ဆောင်နှင့် မြတ်ဇီဇဝါ သင်တန်းသူ အိပ်ဆောင်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါနေရာများ၌ အသီးသီးကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသူများတက်ရောက်သည်။

ရှေးဦးစွာ အောင်တေဇစာသင်ဆောင်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် သယံဇာတ ရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အောင်တေဇစာသင်ဆောင် ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး စာသင်ဆောင်အတွင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် မြတ်ဇီဇဝါ သင်တန်းသူအိပ်ဆောင်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေတိုက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သင်တန်းသူအိပ်ဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)၊ အစည်းအဝေးခန်းမ၌ အောင်တေဇ စာသင်ဆောင်နှင့် မြတ်ဇီဇဝါ သင်တန်းသူအိပ်ဆောင် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သင်ကြားရေးအတွက် လိုအပ်မည့် သင်တန်းသားအိပ်ဆောင်၊ သင်တန်းသူ အိပ်ဆောင်၊ စာသင်ဆောင်၊ စားဖိုဆောင်နှင့် ရေလုံလောက်စွာ သုံးစွဲနိုင်ရေး စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများအတွက် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ကျပ်သန်း (၉၇၀ ဒသမ ၉၁၂)ဖြင့် ခွင့်ပြုတည်ဆောက်ပေးခဲ့တာ ဖြစ်ပါကြောင်း၊ ဒီကနေ့ ဖွင့်လှစ်ပေးတဲ့ စာသင်ဆောင် (၁၀၀'x၃၀'x၂၄')ကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း (၃၁၈ ဒသမ ၄၈၃) နှင့် သင်တန်းသူအိပ်ဆောင် (၈၀'x၃၆'x၂၄’)ကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်မှ ကျပ်သန်း (၃ဝ၅ ဒသမ ၈၀၇ )တိုဖြင့် ခွင့်ပြုတည်ဆောက်ပေးခဲ့တာဖြစ်ပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကျောင်း၏ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အမျိုးသားရေးစိတ်ဓါတ်နှင့် လူမှုရေးစိတ်ဓါတ် အခြေခံပြည့်ဝတဲ့ သမဝါယမစီးပွားရေး အတတ်ပညာကျွမ်းကျင်တဲ့ သင်တန်းသား၊ သင်တန်းသူများ ဖြစ်အောင် လေ့ကျင့်သင်ကြား ကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ်ဂုဏ်ပြုအလံနှင့် အောင်တေဇစာသင်ဆောင်နှင့် မြတ်ဇီဇဝါ သင်တန်းသူအိပ်ဆောင် ဖွင့်ပွဲအမှတ်တရ ပစ္စည်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ကုမ္ပဏီမှ တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး တည်ဆောက်ပြီးစီးခဲ့သည့် အဆောက်အဦမှတ်တမ်းအား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)