ပေါင်မြို့နယ်၌ဆောင်းသီနှံစိုက်ပျိုးရာသီ၌ နေကြာဧက ( ၁၁၀၀ ) စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ဆောင်းသီနှံစိုက်ပျိုးရာသီ၌ နေကြာဧက ( ၁၁၀၀ ) စိုက်ပျိုးပြီးစီး

 




MNP ၊  မတ် ၃

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ဆောင်းသီနှံစိုက်ပျိုးရာသီ၌ နေကြာ ( ၁၁၀၀ ) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာ၌  နေကြာဧက ( ၁၀၀၀ ) စိုက်ပျိုးရန် လျာထားပြီး  ၂၀၂၃  ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးခဲ့ရာ  ယနေ့တွင် နေကြာဧက  ( ၁၁၀၀ ) စိုက်ပျိုးပြီးစီးပြီဖြစ်သည်။ အဆိုပါနေကြာများ အခက်အခဲမရှိစိုက်ပျိုးနိုင်ရန်  ဒေသခံတောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန   မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီးနှံနေကြာလျာထားချက် ကျော်လွန်အောင်မြင်ဖြစ်ထွန်းစိုက်ပျိုးနိုင်ရန်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးရေးလုပ်ငန်များဆောင်ရွက်ပေးခြင်း၊ တောင်သူအချို့အနေဖြင့်လည်း မနှစ်ကစိုက်ပျိုးခဲ့သည့်အတွေအကြုံနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း စိုက်ပျိုးထားကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန မှသိရသည်။

ပေါင်မြို့နယ်တွင် ဆောင်းသီနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးသည့်နေကြာများ တစ်ဧကချင်းစီအလိုက်  အထွက်နှုန်းကောင်းစေရန်၊အရည်အသွေးကောင်းနေကြာများထွက်ရှိစေရန်၊မြေယာပြုပြင်ခြင်းလုပ်ငန်းများ၊ မြေဩဇာအသုံးပြုနည်းများ၊ ပိုးသတ်ဆေးအသုံးပြုနည်းများ၊ရေအသုံးချမှုဆိုင်ရာများ၊ နေကြာမျိုးကောင်းမျိုးသန့် ရွေးချယ်နည်းများနှင့် စိုက်ပျိုးနည်းစနစ်များ  မှန်ကန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)