ဝါးခယ်မမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးလေလံရောင်းချပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးလေလံရောင်းချပွဲ အခမ်းအနားကျင်းပ



ဝါးခယ်မ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာ‌ရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုး လေလံရောင်းချပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမန်းထွန်းမြင့်က အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးလှိုင်ဝင်းဟန်က ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာ‌ရေးနှစ်၊ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်း များနှင့် လိုင်စင်စည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းမှ လိုင်စင်စည်းကမ်းစနစ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာ‌ရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုးလေလံစနစ်ဖြင့် လေလံရောင်းချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။


ဟိန်းထက်လင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)