မြောင်းမြမြို့နယ်၊ အ.ထ.က(၆) ကျောင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့နယ်၊ အ.ထ.က(၆) ကျောင်းရှိ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ




မြောင်းမြ မတ် ၂၈


ဧရာဝတီတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် (၉၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြောင်းမြခရိုင်နှင့် မြို့နယ်ပညာရေးမှူးတို့နှင့်အတူ အ.ထ.က (၆) ကျောင်းရှိ (၉၀×၃၀)ပေ၊ R.CC (၁)ထပ် ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး မိုးပြည့်ဟိန်းကုမ္ပဏီမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံ ဖွင့်ပွဲအထိမ်းအမှတ်အလံ ပေးအပ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဖွင့်လှစ်ပြီးသော ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာများဖြင့် ပက်ဖြန်းခဲ့သည်။

အဆိုပါ ကျောင်းဆောင်သစ်သည် အလျား(၉၀)ပေနှင့် အနံ(၃၀)ပေရှိပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မိုးပြည့်ဟိန်းကုမ္ပဏီမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။


မြောင်းမြ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)