ဘူးသီးများ စီးပွားဖြစ်စိုက်ပျိုးကြပြီး စျေးကောင်းရရှိ၍ မိသားစုဝင်ငွေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးများ စီးပွားဖြစ်စိုက်ပျိုးကြပြီး စျေးကောင်းရရှိ၍ မိသားစုဝင်ငွေ


ပလောက်  မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက်၌ ဆောင်းရာသီ သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြရာ ရာသီချိန် ဘူးသီးများ စင်ထိုး၍ စိုက်ပျိုးကြပြီး ယခုလို အလှူအတန်းများသော တပေါင်းလရာသီ၌ ဘူးသီးဝယ်လိုအား ကောင်းလျက်ရှိကြောင်း ဘူးသီးစီးပွားဖြစ် စိုက်ပျိုးသူ ဦးလှထွန်းထံမှ သိရသည်။

ဘူးသီးကို နိုဝင်ဘာလဆန်းတွင် မြေအစိုဓာတ်ရှိချိန်၌ ဘူးစေ့လေးများကို ပျိုးအိတ်များဖြင့် စတင်ပျိုးထောင်ကာ တစ်လကြာချိန်၌ အညွှန့်လေးများ တက်လာပါက စင်တင်ပေးရပြီး အသီးကင်းလေးများ သီးလာလျှင် စင်ခိုင်ခန့်မှု ရှိစေရန် ဝါးများဖြင့် ဆောက်ပေးရကြောင်း အသီးကင်းလေးများ ပိုးမထိုးစေရန် ပျားဆေး ဖျန်းပေးရကြောင်း ပျားသတ်ဆေးမဖျန်းနိုင်ပါက ဘူသီးစတင်ချိန်တွင် ပုပ်တတ်သဖြင့် ဂရုစိုက်ကာ ပိုးကောင်လေးများကို ဖယ်ရှားပေးနေရကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်ကြာလျှင် ဘူးသီးများ စင်ပေါ်၌ ခူး၍ မကုန်အောင် ထွက်ရှိလာကြပြီး စတင်ခူး၍ ဖောက်သည်ပေးရပြီး တစ်လုံးလျှင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်ထိ စျေးရကြောင်း တစ်ကြိမ်ခူးလျှင် အလုံးရေ ၅၀ ထိခူးရကြောင်း သိရသည်။

ယခုချိန်၌ စပါးပေါ်ချိန်၊ ပဲ၊နှမ်းမြေပဲများပေါ်ချိန်၌ တောင်သူများ ဝင်ငွေတိုးကာ ရှင်ပြုနားသ အလှူများ ပေးချိန်ဖြစ်၍ အလှူအိမ်များ၌ ဘူးသီးကို ကြက်သားဖြင့် ရောချက်ကာ အလှူရက် မတိုင်မီ ကျွေးမွေးလေ့ရှိသဖြင့် ဘူးသီးရောင်းအားကောင်းသဖြင့် မိသားစုများဝင်ငွေ တိုးလျက်ရှိကြောင်း ဘူးသီးစီးပွားဖြစ်စိုက်ပျိုးသူ ဦးလှထွန်းထံမှ သိရသည်။


 နှင်းမြူလွင် (ပလောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)