မော်လမြိုင်-ကျိုက်မရောလမ်း၊ အပိုင်း (၂) လမ်းသစ်ဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်-ကျိုက်မရောလမ်း၊ အပိုင်း (၂) လမ်းသစ်ဖွင့်ပွဲ ကျင်းပ


မော်လမြိုင်၊ မတ် ၁၃

၂၀၂၄ ခုနှစ် မတ်လ  (၁၉) ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀)ပြည့် ရွှေရတု  မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင် ကျိုက်မရောလမ်း၊ အပိုင်း (၂) လမ်းဖွင့်ပွဲ အခမ်းအနားကို မတ် (၁၂) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် ကျိုက်မရောလမ်းပိုင်း၊ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကျေးလက်နေပြည်သူများ၏ လူနေမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးနှင့် မြို့ပြကျေးလက် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ဦးစားပေး ကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းသည် အဓိက အရေးကြီးတဲ့အချက်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှသာ  ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း လိုက်ပါ တိုးတက်လာမည်ဖြစ်ကြောင်း၊ မော်လမြိုင် - ကျိုက်မရောလမ်း အပိုင်း(၂)လမ်းသည် မော်လမြိုင်မြို့နှင့် ကျိုက်မရောမြို့တို့ကို ဆက်သွယ်ထားသော လမ်းဖြစ်ပြီး မွန်ပြည်န

ယ်၏ အထင်ကရ လှပသော ထန်းပင်တန်းများ တည်ရှိရာနေရာလည်း ဖြစ်ကာ အများပြည်သူများ လုံခြုံဘေးကင်းစွာနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစွာဖြင့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အလွယ်တကူ သွားလာဆောင်ရွက်နိုင်မည်ကြောင်း၊ ပြည်နယ်အနေဖြင့်လမ်း၊ တံတားများကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးလျက်ရှိသလို ဒေသခံပြည်သူများအနေဖြင့်လည်း လမ်း၊ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးမှ ကတ္တရာကွန်ကရစ် လမ်းပိုင်းသစ်အား ဖောက်လုပ်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မော်လမြိုင် ကျိုက်မရောလမ်း၊ အပိုင်း(၂) လမ်းသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အပိုင်း (၂)လမ်းသစ်အား လှည့်လည်ကြည့်ရှုကာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖွင့်ပွဲ အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေ တင်ဆက်ပေးခဲ့ကြသည့် မွန်ယိမ်းအကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ “မော်လမြိုင် - ကျိုက်မရောလမ်း အပိုင်း (၂)” လမ်းသည် (၂.၉၃၄ ကီလိုမီတာ မှ ၃.၂၈၄ ကီလိုမီတာ) အထိ အလျား ၃၅၀ မီတာ (၁၁၅၀ ‘ခန့်) ၊ အကျယ် (၅.၄၉ မီတာ) (၁၈’-ဝ”) ဖြစ်ပြီး ကတ္တရာကွန်ကရစ် လမ်းအမျိုးအစားဖြစ်ပါကြောင်း၊ လမ်းမြေသား တာဘောင်တင်ခြင်း လုပ်ငန်းကို ယခင်နှစ် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုနှစ် (၂၀၂၃- ၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ကတ္တရာကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)