အကြမ်းဖက်အဖွဲ့များသည် ၂နှစ်တာကာလအတွင်း အပြစ်မဲ့ ပြည်သူ (၈၉၂၈) ဦး ကို အနိုင်ကျင့် သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်အဖွဲ့များသည် ၂နှစ်တာကာလအတွင်း အပြစ်မဲ့ ပြည်သူ (၈၉၂၈) ဦး ကို အနိုင်ကျင့် သတ်ဖြတ်





ရန်ကုန်၊ မတ် ၁၆

နိုင်ငံရေးပါတီ (၂၄)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် အကြမ်းဖက်လုပ်ရပ်များအား ဖော်ပြထားရာတွင် အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်မှုများကြောင့် (၈၉၂၈)ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါရှိသည်။

ရန်ကုန်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် နိုင်ငံရေးပါတီဦးဆောင်သူများ (၁၆-၃-၂၀၂၄) ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ပူးတွဲသဘောထားထုတ်ပြန်ချက် ထုတ်ပြန်ထားရာတွင် "အကြမ်ဖးက်အဖွဲ့များသည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပစ်မှတ်မဟုတ်သော အရပ်ဖက်ပစ်မှတ်များအပေါ် ယနေ့ထက်တိုင် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ၁-၂-၂၀၂၁ ရက်နေ့မှ ၃၁-၁-၂၀၂၃ ရက်နေ့အထိ ၂နှစ်တာ ကာလအတွင်း အတည်ပြုရရှိသော စာရင်းဇယားများအရ အကြမ်းဖက်ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ရှိကြောင်း သိရှိရပါသည် -

(က) လူနေအိမ်၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ မီးရှို့ဖျက်ဆီးမှု (၁၆၆၁)ကြိမ်၊

(ခ) စက်ရုံ၊ အလုပ်ရုံ၊ စူပါမားကတ်များ မီးရှို့ဖျက်ဆီးမှု (၄၄)ကြိမ်၊

(ဂ) ရုံး/ အဆောက်အဦများအား အကြမ်းဖက်တိုက်ခိုက်မှု ((၁၀၉)ကြိမ်၊

(ဃ) လမ်း/ တံတားများအား ဖောက်ခွဲဖျက်ဆီးမှု (၈၅၆)ကြိမ်၊

(င) ဌာနဆိုင်ရာ ရုံး/ အဆောက်အဦများ မီးရှို့ဖျက်ဆီးမှု (၉၇၆)ကြိမ်၊

(စ) လက်ပစ်ဗုံး/ လက်လုံးဗုံး ပစ်ခတ်မှု/ တွေ့ရှိမှု (၁၉၄၆)ကြိမ်၊

(ဆ) ကျောင်း/ ရုံး/ အခြားနေရာများ လက်ပစ်ဗုံးပစ်ခတ်မှု (ကွဲ/ မကွဲ/ တွေ့ရှိ) (၆၈၄၅)ကြိမ်၊

(ဇ) အပြစ်မဲ့ ပြည်သူများအား အနိုင်ကျင့်မှု၊ သတ်ဖြတ်မှု (၈၉၂၈)ဦး" ရှိကြောင်း သုံးသပ်ဖော်ပြထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် NLD ပါတီမှ ပေါ်ပေါက်လာသော CRPH, NUG, PDF အဖွဲ့များကိုသာ အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားပြီး CRPH, NUG, PDF နှင့်အတူ အပြစ်မဲ့ ရဟန်းရှင်လူများကို သတ်ဖြတ်နေသည့် KIA, KNU, KNLA, KNDF, CNF, MNDAA, TNLA, AA အစရှိသော လက်နက်ကိုင်သောင်းကျန်းသူများကို အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

နိုင်ငံရေးပါတီ (၂၄)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ချက်တွင် အကြမ်းဖက်လုပ်ရပ်များနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။



#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)