မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

 



မုံရွာ မတ် ၁


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ (Ocean Supermarket) အနီး ဇာတ်ဆိပ် ချင်းတွင်းမြစ်အတွင်း ကျား(၁)ဦး ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲက ရေဆင်းကူးရာမှ ပျောက်ဆုံးမှုဖြစ်ပွား၍ သတင်းအရ တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ မွန်းတည့် ၁၂ နာရီခွဲ အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မီးသတ်စခန်း၏ အနောက်တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ (Ocean Supermarket) အနီး ဇာတ်ဆိပ် ချင်းတွင်းမြစ်အတွင်း ကျား(၁)ဦး ရေဆင်းကူးရာမှ ပျောက်ဆုံးမှု ဖြစ်ပွားနေ၍ ကူညီဆောင်ရွက်ပေးပါရန် မုံရွာခရိုင် မီးသတ်စခန်းသို့ ညနေ (၃) နာရီအချိန်တွင် တယ်လီဖုန်းဖြင့် အကူအညီတောင်းခံလာသဖြင့် မုံရွာခရိုင် မီးသတ်စခန်းမှ ဦးစီးအရာရှိ  ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးယာဉ် 191 (၁)စီး၊ အင်အား (၄+၇) ဦး၊ ကမ်းနားမီးသတ်စခန်းမှ Boat (၁) စီး၊ အင်အား (၂) ဦးတို့မှ မုံရွာမြို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေး အသင်းသားများ၊ ပေးဆပ်သူ လူမှုကူညီရေးအသင်းသားများနှင့်အတူ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်နေ ရေနစ်ပျောက်ဆုံးနေသူ မောင်မြတ်မင်းခန့်၊ (သ) ၁၄ နှစ်၊ (ဘ)ဦးငယ်လေးအား ညနေ ၃ နာရီ ၃၅ မိနစ် အချိန်တွင် သေဆုံးလျက်တွေ့ရှိခဲ့ပြီး မုံရွာမြို့ မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် လူ/ပစ္စည်း ထိခိုက်ပျက်စီးမှုမရှိပါကြောင်း  သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)