ရွေးကောက်ပွဲကို တပြိုင်နက် မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲကို တပြိုင်နက် မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား


နေပြည်တော်၊ မတ် ၂၄

ယနေ့ည ထုတ်ပြန်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့ အပိုင်းလိုက်ပေါ့နော်၊ တပြိုင်နက် မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု ထည့်သွင်း ဖြေကြားသွားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တွေ့ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ကျွန်တော်တို့ စပြီး တာဝန်ယူတဲ့အချိန်တုန်းကတော့ ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှင့် ရွေးကောက်ပွဲမှာ မဲမသမာမှု လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ဖြေရှင်းဖို့ မဆောင်ရွက်နိုင်ဘဲနဲ့ အဓမ္မနည်းနဲ့ အာဏာယူဖို့ကြိုးစားတာ၊ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီးတော့မှ တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စပြီး ရှင်းရမယ့် ပြဿနာက မဲမသမာမှုကိစ္စက စပြီး ရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။ မဲမသမာမှု လုပ်တဲ့ နေရာမှာ ကျွန်တော်တို့ စီစစ်တဲ့အခါကြတော့ UEC ကို အသစ်ပြန်လည် ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပေါ့၊ ကျွန်တော်တို့ ပြန်လည်ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီးတော့ သူတို့ စစ်ဆေးတဲ့အခါ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အဲဒီတုန်းက UEC က ကြေညာခဲ့တဲ့ မဲစာရင်းက ၃၈ သန်းကျော် ရှိပါတယ်။ မဲမသမာမှုကို ပြန်စီစစ်ဖော်ထုတ်တဲ့အခါမှာ ၁၁.၃ သန်းအထိ မဲမသမာမှု လုပ်ခဲ့တယ်။ ဆိုလိုတာကတော့ ၃၀ ရာခိုင်နှုန်းနီးပါးလောက် မဲမသမာမှုလုပ်ခဲ့တယ်။ တော်တော်ကြီးမားတဲ့ မဲမသမာမှု လုပ်ငန်း ဖြစ်ပါတယ်။ တစ်နေရာတည်းလား၊ နေရာအနည်းငယ်မှာပဲ ဖြစ်တာလားဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ် (၃၁၅)မြို့နယ်လုံးမှာ ရာဂဏန်းကနေပြီးတော့ သိန်းဂဏန်းအထိ မဲလွဲမှားမှုတွေ ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံရေးအရ ရိုးရိုးသားသား ပြောတာပါ။ မဲမသမာမှု လုပ်ခဲ့တယ်လို့ပဲ ကျွန်တော်တို့ ပြောပါတယ်။ ဒါဟာ တော်တော် အကျည်းတန် ရုပ်ဆိုးခဲ့တဲ့ ကိစ္စ၊ ဒါကို ဖော်ထုတ်ပြီး တာဝန်ရှိသူအားလုံးကို အရေးယူခဲ့တာ ဒါကို ပထမဦးဆုံး စလုပ်ခဲ့တယ်။" ဟု ရှင်းလင်းဖြေကြားသည်။

ပြည်တွင်း တည်ငြိမ်အေးချမ်းရေးမှာလည်း ၂ခု ရှိကြောင်း၊ အရေးပေါ်ကာလ ဖြစ်ပြီးတဲ့ အချိန်မှာလည်း သဘောထား ကွဲလွဲတဲ့သမားတွေကတော့ ဆူပူပြီး ဆန္ဒပြခဲ့တာ တစ်ပိုင်း၊ ဒါကိုလည်း ပြန်ပြီး တည်ငြိမ်အောင် ကြိုးစားရကြောင်း၊ နောက်တစ်ခုက ၁၉၄၈ လွတ်လပ်ရေးရကတည်းက ကျွန်တော်တို့ နိုင်ငံက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါကြောင်း၊ အခုချိန်အထိလည်း ဖြစ်နေတုန်းပါပဲ။ ဒါလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးပျက်ယွင်းမှု အခြေအနေတစ်ခု ပြန်ပြီး လုပ်ရတာ ရှိကြောင်း၊ အဲဒီမှာ ၂၀၁၅ခုနှစ်မှာ ကျွန်တော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူညီချက်တစ်ခု ရခဲ့ပါကြောင်း၊ အဲဒါ ဘာလဲဆိုတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စပ်ရဲရေးသဘောတူစာချုပ်ဖြစ်ပါကြောင်း၊ ဒါကို လက်မှတ်ရေးထိုးခဲ့တာ ရှိတဲ့အတွက် ဒါကိုရအောင် အခုထိ ဒါကိုပဲ ထိန်းသိမ်းပြီး ဆောင်ရွက်နေပါကြောင်း၊  မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနည်းပါးခြင်းဟာ တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်ဆိုတာတော့ ဒါ အရင်းခံ အကြောင်းရင်း ဖြစ်ပါကြောင်း၊ ဒါကြောင့် တည်ငြိမ်အေးချမ်းမှုရအောင်လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ခဲ့ရတာ ရှိပါကြောင်း ရှင်းလင်းပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခြင်းဟာ မဲမသမာမှုကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ကျင်းပရေးက ကျွန်တော်တို့ရဲ့ နောက်ဆုံးရည်မှန်းချက် ဖြစ်ပါတယ်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လုပ်ပါမယ်။ အရေးပေါ်ကာလဆိုင်ရာ ပြီးရင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲ၊ အဲဒီရဲ့ ဦးဆောင်မှုနဲ့ (၆)လအတွင်းမှာ ကျွန်တော်တို့ ရွေးကောက်ပွဲ ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် မဲစာရင်း မှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရပါတယ်။ ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်ပါမယ်။ ပြီးပြီဆိုလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှု ကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့ အပိုင်းလိုက်ပေါ့နော်၊ တပြိုင်နက် မဟုတ်တောင်မှ လုပ်နိုင်တဲ့ အပိုင်းလိုက်ကို ဥပဒေနဲ့အညီ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်ဆိုတာကို ပြောလိုတယ်။" ဟု ထည့်သွင်း ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)