ဒက္ခိဏ မတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စားအုပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် စာရေးဆရာ စိုးတင့်(ဧရာဝတီ)က ကိုယ်တိုင်ရေးသားထားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများစုစည်းမှု”စာအုပ်ကို နေပြည်တော်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်ပြည်သူ့စာကြည့်တိုက်များနှင့် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ် ၁၁၇ အုပ်ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက် စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားထားသည့် “သေသော်မတည့်ဪကောင်း၏” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက “သေသော်မတည့်ဪကောင်း၏” စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာ အချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နေထက်ပိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment