ငွေဆောင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် ပတ်သက်၍ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဉပဒေနှင့် ပတ်သက်၍ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကျင်းပ



ငွေဆောင် မတ် ၂၀

ဧရာဝတီတိုင်း​သေကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ့်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူး မျိုးဇေမြင့်၊ လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ  ဦးဇာနည်ထက်တို့မှ ကျောက်ဖြာကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ယမန်နေ့ နံနက် (၁၀) နာရီက ကျောက်ဖြာဘုရားကျောင်း၌ ပြည်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကျင်းပခဲ့သည်။

အဆိုပါရှင်းလင်းပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိသော ကောလဟာလများနှင့် ပတ်သက်၍ ယုံကြည်လွဲမှားမှုများ၊ ပြည်သူ့စစ်မှု ထမ်းဆောင်ရမည့် အသက်အပိုင်းအခြားနှင့် ထမ်းဆောင်ရမည့် ကာလများ၊ စစ်မှုထမ်းခြင်း အတွက် ယာယီကင်းလွတ်ခွင့်ရှိသူများနှင့် ဆင့်ခေါ်စာရရှိပါက  ဆောင်ရွက်ရမည့် လုပ်ငန်းစဥ် များအား ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍ ငွေဆောင်နယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ်မျိုးဇေမြင့်မှ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ သင်တန်းတက် ရမည့်ကာလနှင့် သိသင့်သိထိုက်သည်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ဒေသခံပြည်သူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားချက်များအပေါ် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အကျယ်တဝင့် ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)