နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်လှစ်



နောင်ချို မတ်လ ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သဖန်းကိုင်းပရဟိတဆရာတော် သမဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီးဖွင့်ပွဲ၌ သဖန်းကိုင်းပရဟိတဆရာတော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက ဘာသာရပ်များအလိုက် တစ်ရက်လျှင် နံနက်၊ နေ့၊ ည အချိန် (၃) ချိန်ခွဲ၍ မတ်လ ၂၂ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ (၂) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်ဝေးမှ လာရောက်သည့် သင်တန်းသား၊ သင်တန်းသူများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကိစ္စရပ်များကို စီစဉ်ထားရှိပေးကြောင်း သိရသည်။

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ (အခမဲ့) ကွန်ပျူတာသင်တန်းများကို နှစ်စဉ်နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)