ကလေးဝမြို့တွင် စာအောင်သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးဝမြို့တွင် စာအောင်သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားပြုလုပ်


ကလေးဝ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် စာအောင်သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး နာယကဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး ယခုနှစ်စာ‌ဖြေတော်မူကြမည့် ကျောင်းတိုက် ၉ တိုက်ရှိ သံဃာတော် ၂၀ ပါးနှင့် သီလရှင် ၃ ပါးတို့အား ကျောင်းတိုက်အလိုက် ကျောင်းထိုင်ဆရာတော်ကြီးများထံမှတစ်ဆင့် လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် နိုင်ငံတော်အစိုးရ နိကာယ်စာမေးပွဲ၊ အစိုးရဓမ္မာစရိယစာမေးပွဲ၊ အစိုးရပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် ၉ ပါးနှင့် သီလရှင် ၇ ပါးတို့အား ဂုဏ်ပြုလွှာနှင့်နဝကမ္မဆက်ကပ်ပူဇော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)