၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့တွင် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်မြို့တွင် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်


ကျုံပျော် မတ် ၂၇

              (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ (၄)ခန်းတွဲ (၄)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ယာနှင့်အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းဆောင်သစ် ဖွင့်ပွဲအား  ယမန်နေ့ညနေ ၃ နာရီခွဲက  တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

                       ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ  (၄) ခန်းတွဲ (၄)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား ကျင်းပရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ ပစ္စည်းပေးအပ်ရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး၊  ဝန်ထမ်းအိမ်ယာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

                  ဆက်လက်၍  ပင်လုံရပ်ကွက်ရှိ (၂၀၂၄- ၂၀၂၅)ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ကျုံပျော်)၏ စံပယ်ဆောင် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား ပြုလုပ်ရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့် တိုင်းပညာရေးမှူး ဆရာကြီး ဦးတိုးဝင်း တို့ကကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြ သည်။

            ထို့နောက် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေကြသည့် ဘင်ခရာအဖွဲ့၊ ပန်းဖွားအကအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူတိုင်းရင်းသား အကအဖွဲ့များအား ဝန်ကြီးချုပ်က ဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကျောင်းဆောင်သစ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။

               အဆိုပါ (၄)ခန်းတွဲ (၄)ထပ် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ယာနှင့် အမှတ်(၂) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း‌ဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)