တာမွေ မတ် ၃၁
မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး၏ အရင်းမူလဖြစ်သည့် ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့တွင် ၂၀၂၄-ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ နေ့စဉ် မွန်းတည့် (၁၂:၀၀)နာရီအချိန်မှ ညနေ(၄:၀၀)နာရီအချိန်အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့မွန်းတည့်(၁၂)နာရီအချိန်ကလည်း ရန်ကုန်တိုင်းဒေသ ကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၄-ခုနှစ် အစိုးရဓမ္မာ စရိယစာမေးပွဲ တတိယနေ့အဖြစ် ဓမ္မာစရိယသိလက္ခဝဂ္ဂပါဠိအဋ္ဌကထာကို မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် များမှ သံဃာတော်အပါး(၁၆၇)ပါး စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ၂၀၂၄-ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ တတိယနေ့၌ ဓမ္မာစရိယသိလက္ခဝဂ္ဂပါဠိအဋ္ဌကထာကို တာမွေ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်အပါး(၁၈၈)ပါး ဖြေဆိုရန် စာရင်းပေးသွင်းခဲ့ပြီး သံဃာတော် အပါး (၁၆၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် (၈၉)ရာခိုင်နှုန်းအထိကြောင်းနှင့် စာဖြေသံဃာ တော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒ စရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ ဆရာ တော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment