နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှု


MNP ၊ မတ် ၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် နေပြည်တော်ရေအရင်းမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် တပ်ကုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာ ဆင်သေချောင်းကမ်းပြိုကာကွယ်ရေးလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ အဆိုပါချောင်းဘေးရှိ ယာယီရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများက ဆင်သေချောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဒေသတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည်ကောင်းမွန်းစေရေးကို အလေးထားပြီး ဆောင်ရွက်စေလိုကြောင်း၊ စပါးအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျ သုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ကြရမှာဖြစ် ကြောင်းမှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သပြေချောင်းကျေးရွာ ဆင်သေချောင်းကမ်း ပြိုကာကွယ်ရေးလုပ်ငန်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင် ရပ်ကွက်အတွင်းရှိ ဦးတင်ထွန်းအောင်၏ မွေးမြူရေးခြံတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ခုနှစ်  နွေစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ပြီး ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ နိုင်ရန်အတွက် စိုက်ပျိုးဧရိယာတိုးချဲ့ စိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စပါးအဝင် သီးနှံအထွက်နှုန်းများ တိုးတက်ရေးအတွက် မိရိုးဖလာ စိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေများ စနစ်တကျ သုံးစွဲပြီး ပန်းတိုင်အထွက်နှုန်းများ တိုးတက် ထွက်ရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း လေးသွယ်ကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြ စေလိုကြောင်း၊ ထို့အပြင် ဒေသတွင်း စားသုံးဆီဖူလုံ ရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ စသည့် ဆီထွက်သီးနှံများကို တိုးချဲပြီး စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျ စိုက်ပျိုးမှသာ ပန်းတိုင်အထွက်များ တိုးတက်ထွက်ရှိပြီး တစ်ဦးချင် ဝင်ငွေများ တိုးလာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို တိုးတက်အောင် ဌာနဆိုင်ရာများနှင့် တောင်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလို ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သီးနှံစုံမျိုးစေ့ထုတ် (RS-CS) များက စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါး စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ကွင်းအမှတ် ၁၃၁၉၊ တောင်သူ ဦးတင်ထွန်းအောင်၏ နွေစပါးမျိုး စေ့ထုတ်စံပြစိုက်ကွက် စိုက်ဧက ၁၈ ဧကတွင် စူပါနှံ ကောက်စပါးမျိုး စိုက်ပျိုးထားရှိမှုနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ သုံးအချိုးတစ် ရောစပ်ကြဲပက်မှု၊ မွေးမြူရေးခြံအတွင်း နွားများမွေးမြူထားရှိမှုများနှင့် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ခြင်းတိုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ အောင်မြေရိပ်သာကျေးရွာ၊ ဒယောက်ကူးကျေးရွာရှိ ကွင်းအမှတ် ၁၃၉၆၊ တောင်သူ ဦးရန်နိုင်စိုး၏ ဆောင်းရာသီ သီးနှံစုံ စိုက်စနစ် စိုက်ခင်း ၁၃ ဧကတွင် ခရမ်းချဉ်၊ ခရမ်း၊ ပဲကြီးနှင့် နေကြာသီးနှံများ စိုက်ပျိုးထားရှိမှု အခြေ အနေများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ဆောင်းရာသီ သီးနှံစုံ စိုက်စနစ်များ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည် တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။ 


ထွန်းထွန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)