မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်၏ ရုပ်ကလာပ်တော် ဖူးမြှော်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော်၏ ရုပ်ကလာပ်တော် ဖူးမြှော်ကြည်ညို





မော်လမြိုင်၊ မတ် ၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများတနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ ရွှေပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ဘဝနတ်နန်းပြောင်းရွှေ့စံမြန်းတော်မူပြီးဖြစ်သည့် ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ကြည်ညိုသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အန္တိမအဂ္ဂိဈာပန ကျင်းပရေးကော်မတီ နာယကဆရာတော်ကြီးများထံ သွားရောက်ဖူးမြှော်ကန်တော့ကာ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင် ကျင်းပနိုင်ရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ရွှေပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသ (မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သည်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ ၁၈း၄၅ နာရီအချိန်တွင် ဘဝနတ်နန်း ပြောင်းရွှေ့စံလွန်တော်မူခဲ့ရာ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို မော်လမြိုင်မြို့ ပျံတော်ဝင်ကွင်း၌ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာသဘင်ကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။


စည်သူ 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)