တောင်ကုတ်မြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများဆွေးနွေးပွဲကျင်းပ




တောင်ကုတ်                 မတ် ၁၈

တောင်ကုတ်ခရိုင်  ၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

        အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ၊ဥက္ကဌ ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ ၊ ဥက္ကဌ ဦးဇာနည်တိုး ကအမှာစကားပြော ကြားပြီးနောက် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်မျိုး၀င်း က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ထပ်ဆင့်ရှင်းလင်း ဆွေးနွေးသည်။

         ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် ၀န်ထမ်းများက ပြည်သူ့စစ်မှုထမ်း ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို အစည်းအဝေးသို့တက်ရောက်လာသူများသို့ ဖြန့်ဝေ ပေးသည်။

       အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များ  ၊နိုင်ငံရေးပါတီများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)