တံတားဦးမြို့နယ်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ



တံတားဦး မတ် ၃၁


တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် စားဖိုချောင်သီးနှံများဖြစ်သော ငရုတ်၊ ကြက်သွန်၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်ရွက် စသည်တို့ စိုက်ပျိုးကြပြီး ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည် ။


ငရုတ်စိုက်ပျိုးရန်အတွက် ပျိုးပင်ကို နိုဝင်ဘာလတွင် ဘောင်စနစ်ဖြင့် စတင်ပျိုးထောင်ရပြီး ဒီဇင်ဘာလ ကုန်ပိုင်းတွင် မိမိတို့ စိုက်ပျိုးမည့်မြေနေရာသို့ ပြောင်းရွှေ့စိုက်ပျိုးရပါကြောင်း၊ ငရုတ်စိုက်ပျိုးရန် အတွက် မြေတစ်ဧကကို ငွေကျပ်(၃)သိန်း ကုန်ကျပါကြောင်း ငရုတ်ကို ပြောင်းရွေ့စိုက်ပျိုးသည့် အချိန်မှ စတင်၍ ဖေဖော်ဝါရီလ၌ စတင်ခူးဆွတ်  ရောင်းချရပါကြောင်း ငရုတ်စိုက်တောင်သူများသည် မိမိတို့ ဒေသမျိုးကို မစိုက်ပျိုးဘဲ နိုင်ငံခြားမျိုးကိုသာ အဓိကစိုက်ပျိုးပါကြောင်း၊ ငရုတ်စတင်ခူးဆွတ်ချိန်တွင် အထွက်နည်းပြီး (၁၅)ရက်တစ်ကြိမ် ခူးဆွတ်လျှင် တစ်ဧကကိုပိဿာချိန် (၁၅၀၀)ရရှိပြီး  စတင် ခူးဆွတ်ချိန်မှ ဩဂုတ်လအထိ ခူးဆွတ်ရောင်းချရပါကြောင်း ခူးဆွတ်ပြီး ငရုတ်များကို ဝယ်ယူသူများက အိမ်အရောက် လာရောက်ဝယ်ယူကြသည့်အတွက် သယ်ယူပိုဆောင်ခသက်သာသည့်အတွက် မိသားစု စားဝတ်နေရေးအဆင်ပြေကြောင်း  ငရုတ်စိုက်တောင်သူ ဦးညွန့်လွင်ထံမှ သိရသည်။


ငရုတ်စိုက်တောင်သူများသည် နိုင်ငံခြားငရုတ်မျိုးများဖြစ်သော သာမို-၁၁၊ ရွှေကိုးလေးလုံး၊ ပန်ကျောက်စိမ်းနှင့် အခြားဒေသမျိုးများကို အဓိကစိုက်ပျိုးကြပြီး ငရုတ်ခူးဆွတ်ပြီးချိန်တွင် အခြားသီးနှံများကိုလည်း ဆက်လက်စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဝါသနာ ပါသူများအနေဖြင့် မိမိတို့အိမ်ဝိုင်းခြံ အတွင်း ငရုတ်ကို အနည်းဆုံး(၁၀)ပင်စိုက်ထားပါက အိမ်တွင်းမီးဖိုချောင်အတွက် တစ်ဘက်တစ်လမ်းမှ အထောက်အကူပြု၍  ငရုတ်ကိုစိုက်ပျိုးသင့်ပါကြောင်း ၎င်းကဆက်လက်ပြောကြား၍ သိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)