ပေကျင်းမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေကျင်းမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ







ပေကျင်း၊ မတ် ၃၀

မြန်မာသံရုံး၊ ပေကျင်းမြို့နှင့် မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ)တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့၊ ၁၈ ၀၀ နာရီမှ ၂၀ ၀၀ နာရီအထိ မြန်မာသံရုံး၊ ပေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ရေတပ်မှ Vice Admiral (ဒုတိယဗိုလ်ချုပ်ကြီး) Li Hunjunမှ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယအတွင်းရေးမှူးချုပ် ဆရာတော် ချန်းကျန့်၊ တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီး Ms. Li Xiaoyan၊ ပေကျင်းမြို့၊ မြန်မာစစ်သံရုံးမှ စစ်သံမှူး (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ တရုတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီး၊ အာဆီယံ-တရုတ်စင်တာ၊ အတွင်းရေးမှူးချုပ်တို့အပါအဝင် ပေကျင်းမြို့အခြေစိုက်၊ သံရုံးများမှ နိုင်ငံခြားသံတမန်များ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများ၊ ပေကျင်းမြို့အခြေစိုက်၊ စစ်သံရုံးများမှ စစ်သံမှူးများ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသား အရာရှိများ၊ အစိုးရဝန်ထမ်း ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဝဏ္ဏကျော်ထင် ဦးတင်မောင်ဆွေမှ မိန့်ခွန်းပြောကြားရာတွင် မြန်မာ့တပ်မတော်သည် ဒို့တာဝန် အရေး (၃)ပါးကို ဦးထိပ်ပန်ဆင်၍ နိုင်ငံ၏အချုပ်အခြာအာဏာကို သက်စွန့်ဆံဖျား ကာကွယ် လျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ် ထားသည့် မူဝါဒများ၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အနေဖြင့် မြန်မာ့တပ်မတော်အား ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် အကူအညီများ ပေးအပ်မှုများအတွက် ကျေးဇူးတင် ရှိပါကြောင်း၊ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးမှာ အနာဂတ်တွင် ပိုမိုခိုင်မာ လာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြု ဆုတောင်းခဲ့ကြပါသည်။

ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများ နှင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)