ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ


နေပြည်တော်၊ မတ် ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည်အပတ် ရောက်ရှိနေသည့်ထိုင်းဘုရင့်ရေတပ်မှစစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည် ထွက်ခွာရာ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ အရာရှိ၊စစ်သည်များနှင့် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Chief of Staff ဖြစ်သူ Rear Admiral Pongmit Narongkul ဦးစီး၍ ချစ်ကြည်ရေးခရီးရောက်ရှိလာခြင်းဖြစ်ပြီး မတ်လ ၁ ရက်မှ ၃ ရက်အထိ သုံးရက်ကြာခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေးအားကစား ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)