မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးသို့ တက်ရောက်


ချမ်းအေးသာစံ၊ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ(၂၆)ရက် မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်သည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ခြင်း၊ ရှိရင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းထုတ်ကုန် ဦးစားပေး ဆောင်ရွက်နိုင်အောင် တိုင်းဒေသကြီးအတွင်း ဒေသနှင့်ကိုက်ညီသင့်လျော်သည့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေး ဖော်ထုတ်၍ ကာလတို၊ ကာလလတ် အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် လုပ်ငန်းများ၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်း၊ လျှပ်စစ်ယာဉ်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း  စသည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကဏ္ဍနှင့် သက်ဆိုင်သည့် အလားအလာ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို ဖော်ထုတ်၍ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပြီး လွယ်ကူလျင်မြန်အောင် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှု အတည်ပြုမိန့်များကို မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြု ချထားပေးလျက်ရှိပြီး လုပ်ငန်းများလွယ်ကူလျင် မြန်စေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြ လျှောက်ထားလာသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကြုံတွေ့နေရသည့် အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာ မင်းဇော်ဦးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)