ပန်းတောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်လူငယ်များအတွက် (အခမဲ့) အခြေခံအင်္ဂလိပ်စကားပြောနှင့် အခြေခံပန်းချီသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်လူငယ်များအတွက် (အခမဲ့) အခြေခံအင်္ဂလိပ်စကားပြောနှင့် အခြေခံပန်းချီသင်တန်းဖွင့်လှစ်




ပန်းတောင်း မတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ မြို့နယ်စာရေးဆရာအသင်းမှ ယမန်နေ့က မြို့မစာကြည့်တိုက်၌ (အခမဲ့) အခြေခံအင်္ဂလိပ်စကားပြောနှင့် အခြေခံပန်းချီသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဆရာကြီး ဦးပြည်သန်းမှ အင်္ဂလိပ်စကားပြောနှင့်ပတ်သက်၍လည်းကောင်း၊ စာရေးဆရာ ဦးကိုကြီးနှင့် ဦးလှိုင်ဝင်းတို့မှ ပန်းချီနှင့်ပတ်သက်၍လည်းကောင်း (၁၀) ရက်တာသင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းသား/ သူ (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လပြည့်လင်း


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)