ဘားအံမြို့၌ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဘားအံမြို့၌ အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

%E1%81%81%E1%81%80


MNP ၊ဘားအံ မတ် ၅

ကရင်ပြည်နယ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းက ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အခမ်းအနားတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားမှူး၏ အခန်းကဏ္ဍဟာ အရေးကြီးကြောင်း၊ အခမ်းအနား၊ အစည်းအဝေး၊ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲများမှ ပန်ကြားခြင်း၊ ဖိတ်ကြားခြင်း၊ ဖိတ်ခေါ်ခြင်း၊ အဖွင့်/အပိတ် ကြေညာခြင်း၊ အစီအစဉ် အပြောင်းအလဲများ၊ ကြားဖြတ်ကြေညာခြင်းများ၊ သတိထားရမည့် ဝါစဉ်များ၊ အဓိကလိုက်နာရမည့် အသံထွက်မှန်ကန်မှု၊ ယဉ်ကျေးစွာ ပြောဆိုတတ်မှု စသည်တို့ကို မှန်ကန်စွာ သုံးစွဲနိုင်ပြီး အခမ်းအနားမှူးကောင်းများ ပေါ်ထွန်းလာစေရန်အတွက် သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသား/သူများအနေဖြင့် သင်ခန်းစာများကို အလေး အနက်ထား လိုက်နာ၍ မှတ်သားသင်ယူသွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး အခမ်းအနားမှူး သင်တန်းကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို တိုင်းရင်းသားရေးရာဝန်ကြီးက ပေးအပ်ခဲ့သည်။ ထို့နောက် ဗမာတိုင်းရင်းသားရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ဆုလာဒ်နွယ်က အခမ်းအနားမှူး သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် သင်တန်းနည်းပြ ဦးဆန်းဒေးကိုကိုက အခမ်းအနားမှူး သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အခမ်းအနားမှူး သင်တန်းကို မတ်လ (၅) ရက်နေ့မှ မတ်လ (၇) ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်၊ ကောလိပ်၊ ဌာနဆိုင်ရာများ၊ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ သင်တန်းသား/သူ (၆၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages