ကရသူရိမြို့၌ ရေငံငါးစျေးကောင်းရ၍ ရှာဖွေသူများ မိသားစုဝင်ငွေကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရသူရိမြို့၌ ရေငံငါးစျေးကောင်းရ၍ ရှာဖွေသူများ မိသားစုဝင်ငွေကောင်း

 



ကရသူရိ၊ မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ တံငါလုပ်ငန်းဖြင့် မိသားစုစားဝတ်နေ‌ရေး ပြုလုပ်ကြသည့် ဒေသခံအချို့သည် ပင်လယ်ရေငံငါးဈေးကောင်းရ၍ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရသည်။

“တံငါအလုပ်ကို မိရိုးဖလာလုပ်ကိုင်လာခြင်းဖြစ်ပြီး စီးပွားဖြစ်မဟုတ်ဘဲ မိသားစုစားဝတ်နေရေးအတွက်သာ လုပ်ကိုင်ခြင်းဖြစ်ပါတယ်။ ယခင်လို တံငါလုပ်ငန်းလုပ်ကိုင်သူ များများစားစားမရှိတော့ဘဲ အလုပ်အကိုင်အဆင်မပြေခြင်းကြောင့်တစ်ကြောင်း၊ မိမိကျွမ်းကျင်သည့် ‌တံငါလုပ်ငန်းကို ဝါသနာအရလည်းကောင်း လုပ်ကိုင်ကြခြင်းဖြစ်ပါတယ်။ ငါးရှာဖွေခြင်းကို ဒီရေတိုးသည့်အပတ်တွင် တစ်ဖျားစာ(တစ်ပတ်စာ) ရိက္ခာများဖြင့် သွားရောက်ရှာဖွေခြင်းဖြစ်ပြီး ရရှိသည့်ငါးများကို မိမိတို့ရပ်/ရွာများတွင် ရောင်းချကြောင်း၊ လူကြိုက်များသည့် ငါးအကောင်းစား တစ်ပိဿာကို(၁၂၀၀၀)ကျပ်ရရှိပြီး၊ တစ်ခြားငါးအငယ်တွေက (၄၅၀၀)ကျပ် ရရှိကာ ရရှိသည့်ငါးအပေါ်မူတည်၍ ဈေးကောင်းရရှိခြင်းဖြစ်ကြောင်း” ငါးရှာဖွေသူတစ်ဦးက ပြောသည်။

ထို့အပြင် ယခုလရာသီသည် ပင်လယ်ပြင်၌ ‌(ရေခူ)များ ပေါ်သည့်လဖြစ်၍ ရေခူများ ဈေးကောင်းရနေပြီး တံငါလုပ်သားများအတွက် နှစ်ဖက်နှစ်လမ်းမှ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။

ကရသူရိ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)