ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်



နေပြည်တော်၊ မတ် ၇

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ် မြောက်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအကြီးအကဲများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ထုတ်ပေးထား သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရအဖွဲ့ ၁၄ ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခုသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်မှစ၍ အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးပေးခဲ့ပြီး ချေးငွေများ ရယူခဲ့သည့်ဌာနနှင့် အဖွဲ့အစည်းများက သက်ဆိုင်ရာနှစ်အလိုက် အရင်းနှင့်အတိုးငွေများ ပြန်လည်ပေး ဆပ်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးစီမံကိန်း ဆောင်ရွက်နိုင်ရေးအတွက် မူလလျာထားဧက ခြောက်သိန်းအပေါ် တိုင်းဒေသကြီးအစိုးရ အဖွဲ့များ၏ အဆိုပြုချက်အရ ဧက ၇ ဒသမ ၅၇ သိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီက ကြိုတင်ခွင့်ပြု ပေးခဲ့ပြီးဖြစ်ကြောင်း။


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ထုတ်ချေးခြင်းနှင့် ပြန်လည်ကောက်ခံခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ရန်ပုံငွေမှထုတ်ပေးထား သည့် အရင်းမပျောက်မတည်ငွေများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း။


ယခုအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့မှ တင်ပြလာကြသော မတည်ရန်ပုံငွေထုတ်ချေးခြင်းဖြင့် ရရှိလာသည့်အတိုးရငွေအား ပြန်လည်ထုတ်ချေးခွင့်ပြုရန်ကိစ္စရပ်များနှင့် ပြန်လည်သုံးစွဲရန်ကိစ္စရပ်များ၊ လတ်တလော နယ်မြေဒေသအခြေအနေ အရ လုပ်ငန်းများရပ်ဆိုင်းသွားသဖြင့် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလနှင့် အတိုး/အရင်းငွေများကို ဆိုင်းငံ့ထားရန်ကိစ္စရပ်များကို ဘဏ္ဍာ ရေးလုပ်ထုံးလုပ် နည်းများနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းဆွေးနွေးပေးကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းချေးငွေ ထုတ်ချေးခဲ့မှုနှင့် ပြန်လည် ကောက်ခံရရှိမှု၊ မိုးစပါးချေးငွေထုတ်ချေးပြီးစီးမှု၊ ဆီစက်လုပ်ငန်း ဖွံ့ဖြိုးရေး ချေးငွေထုတ်ချေးထားမှု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက တင်ပြလာသည့်နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် အားနည်းချက်များကို ဖြေရှင်းဆောင်ရွက်နိုင် ရေးနှင့် ချေးငွေထုတ်ချေးရေးလုပ်ငန်းစဉ်များအား ကြီးကြပ်ဆောင်ရွက် ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)