လှည်းကူးမြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ငမိုးရိပ်ချောင်းတစ်လျှောက်ပြန်လည်တူးဖော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ငမိုးရိပ်ချောင်းတစ်လျှောက်ပြန်လည်တူးဖော်







ရန်ကုန်၊ မတ် ၁၆

မိုးတွင်းကာလ လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသောဆောင်ရွက်လျှက်ရှိသော ငမိုးရိပ်ရေလှောင်တမံမှ ငမိုးရိပ်ရေတံခါးထိ ငမိုးရိပ်ချောင်းတစ်လျှောက် ပြန်လည်တူးဖော်ခြင်း လုပ်ငန်းများအား မတ် (၁၅)ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှည်းကူးမြို့နယ် ကမ်းနီကျေးရွာ ရန်ကုန် -  မန္တလေးအမြန်လမ်း ၁၁ မိုင် ၃ ဖာလုံတွင် ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်နေမှုကို လည်းကောင်း၊ အောင်ချမ်းသာရပ်ကွက် ဖောင်ကြီးအရှေ့တွင် ငမိုးရိပ်‌ချောင်းတူးဖော်ပြီးစီးမှုကို လည်းကောင်း၊ မြေစေးအိုင်ကျေးရွာနှင့် ဥယျာဉ်ဝကျေးရွာကို ဆက်သွယ်သော‌ ငမိုးရိပ်ချောင်းကူး တံတားအနီး လုပ်ငန်းဆောင်ရွက်မည့် နေရာအားလည်းကောင်း၊ ကြို့ကုန်းကျေးရွာ (တောင်)နှင့် ကြို့ကုန်းကျေးရွာ(မြောက်) တို့ကို ဆက်သွယ်ထားသော ငမိုးရိပ်ချောင်းကူးတံတားအနီးနှင့် ကမ်းနီကျေးရွာတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား လည်းကောင်း၊ နှုတ်ခမ်းမွှေးသိုက် ကျေးရွာအနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေလျှံသည့်နေရာများ၏ အောက်ဘက်အားနက်နက် တူး၍နိမ့်သည့်နေရာများတွင် အနေအထားကြည့်၍တူးရန်၊  လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ အခက်အခဲရှိပါက တင်ပြကြရန်၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များ မှာကြားသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)