အမ်းမြို့နယ် လူထုအခြေ ပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေ ပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

 



အမ်း - မတ် ၂၆

  ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး   လူငယ်အသိပညာပေးဟောပြောပွဲကို ယ နေ့ နေ့လည်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

      ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအ ရာရှိ ဦးစန်းဝင်းက စာပေမြတ်နိုးသူလူ ငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တများဘက် စုံဖွံ့ ဖြိုးတိုးတက်စေရန် ကျောင်း၊ရပ်ကွက်/ ကျေးရွာတို့၌ အခါအခွင့်သင့် ၍ ပြောဆိုခွင့်ကြုံလာပါက ပြောတတ်ဆိုတတ်စေရန်ယခုလို စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး

ဟောပြောပွဲစာပေဆိုင်ရာအသိပညာ ပေးအကြောင်းအရာများဟောပြောခဲ့သည်။ဟောပြောပွဲတွင် စာဖတ်သောလူငယ်များ၏အားသာချက်၊အတွေးအ ခေါ် ရင့်ကျက်မှု၊ဖြန့်ကျက်ပြီးတွေးတောနိုင်မှု၊ဝေဖန်ပိုင်းခြားနိုင်မှု၊အသိပညာဗဟုသုတများရရှိမှု၊အသက်ငယ်ပေမဲ့ ပိုမိုရင့်ကျင့်လာမှု၊အမှားအမှန်ကိုခွဲခြားလာတတ်မှုများနှင့် လူတစ်ယောက်၏ တန်ဖိုးအကြောင်းအရာများ မှ လူတစ်ဦးအပေါ်ပြောဆိုဆက်ဆံမှုများနှင့်စာ တတ်ခြင်းမတတ်ခြင်း၊အတွေ့အကြုံ

အကြားအမြင်ဗဟုသုတများရှိခြင်းအား ဆွေး နွေးပြောကြားခဲ့ရာစာပေမြတ်နိုးသူလူ ငယ်များမှ မောင်ခင်မောင်သန်း၊မောင်ဇော်လင်းနိုင်၊ မိုင်စန်းစန်းဝင်း၊မစုစန္ဒီကျော်၊မဖြူဖြူဝင်းနှင့်မသီတာခိုင် တို့ကသိရှိလိုသည်များမေးမြန်းခဲ့ရာမြို့

နယ်ဦးစီးအရာရှိဦးစန်းဝင်း ကထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

     ထို့နောက် မြို့နယ် ဦးစီးမှူးဦးစန်းဝင်း စာပေမြတ်နိုးသူများအားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနမှစာဖတ်ရှိန်မြှင့်တင်ရေးအတွက် အခါအားလျော်စွာဆောင်ရွက်ပေးလျက်ရှိသော ဟောပြောပွဲများ၊စာဖတ်ဝိုင်များပြပွဲများ၌ပါဝင်ကြစေရန်ဖိတ်ခေါ်ခဲ့ ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)