မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

 


ပခုက္ကူ မတ် ၁၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ မွန်းလွဲပိုင်းက ပခုက္ကူမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၁) ခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲနှင့် ပခုက္ကူခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရ/ ကျဆုံးရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်သည်။

                    ပထမဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးခဲ့ရကြောင်း၊ အကြမ်းဖက်လုပ်ရပ်များအား ထိထိရောက်ရောက် တားဆီးကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

                               ထို့နောက် ဝန်ကြီးချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန် (၂၄) ပြည်ပါ (၁၆၀) အိတ်၊ စားသုံးဆီ (၁၅၀) ပိဿာ၊ ခေါက်ဆွဲခြောက် (၃၇၅၀) ထုပ်၊ Royal-D အားဖြည့်အချိုရည် (၁၄၄၀) ဗူး၊ အာလူး (၁၅၀) ပိဿာစသည့် ဂုဏ်ပြုစားသောက်ဖွယ်ရာများကို အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး မြင့်ရွှေထံကိုလည်းကောင်း၊ ပခုက္ကူခရိုင်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရ/ကျဆုံးရဲတပ်ဖွဲ့ဝင်များအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၈၅ သိန်းကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်ထံ ကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်သည်။

                                     ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံအတွက်အရေးကြီးသည့် လုပ်ငန်းများဖြစ်‌ပါကြောင်း၊ ခရိုင်နှင့်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်အကောင်အထည်ဖော်ဆောင်ရွက်ကြသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိလုပ်ငန်းတာဝန်များ ပုံမှန်အတိုင်း အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဌာနဆိုင်ရာများအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းမှာကြားသည်။

                  ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်သူဦးတို့က လမ်းညွန်အမှာစကားပြောကြားကြပြီး ပခုက္ကူခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က နိဂုံးချုပ်လမ်းညွန်အမှာစကားပြောကြားသည်။

                ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက် ဗုဒ္ဓကုန်းကမ်းနားလမ်း၊ လမ်းဖြတ်တံတားနှင့် အများပြည်သူအပန်းဖြေအနားယူရန်နေရာ (Public Area) ဖော်ဆောင်ထားမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ဖြည့်စွက်လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)