ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

 

%E1%81%81%E1%81%80


MNP ၊မတ် ၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများ အားအစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဆိပ်ဖြူမြို့ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှု၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စေတနာအလှူရှင်များက ပူးပေါင်း၍ မြို့ပေါ် (၄) ရပ်ကွက်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစား (၂၆၈) ဦးအား ဆန်၊ ဆီ နှင့် အာဟာရ ဖြည့်စွက်စာ စားသောက်ကုန်များ၊ ကျန်းမာရေး အားဆေးများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားပေးပြီး၊ အစားအစာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည့် တာဝန်ရှိသူများနှင့် အလှူရှင်များအား နိုင်ငံဝန်ထမ်းအငြိမ်းစားများ ကိုယ်စား အငြိမ်းစား ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးတင်မောင်ထွေးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံဝန်ထမ်းအငြိမ်းစားများ အားအစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့ပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးစစ်ဆေးခြင်းနှင့် ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေနှင့် အာဟာရတိုက်ကျွေးခြင်း လုပ်ငန်းများကိုကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages