စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

 



မုံရွာ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြီးမှူး၍ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို မတ်လ ၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူဝိပဿနာအကယ်ဒမီကျောင်းတိုက်ကြီးအတွင်း ကျင်းပ ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ပင့်သံဃာဆရာတော်/သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်/သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဝတ္ထုငွေနှင့်ဆွမ်းဆန်စိမ်းများ လောင်းလှူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆွမ်းဆန်စိမ်းများ လောင်းလှူနေမှုများအား ကြည့်ရှုအား ပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါကျောင်းတိုက်ကြီးအတွင်းရှိ သီတဂူသံဝေဇနိယဓမ္မဗိမာန်တော်ကြီး၌ စစ်ကိုင်းတောင်ရိုးရှိ သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကိုကျင်းပရာ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နမောတဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်း အနားအား ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ သောဠသမရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ  ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ  ဆရာတော်ကြီးမှ ဩဝါဒကထာမိန့်ကြားချီးမြင့်တော်မှုပြီး ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဒါတပ္ပဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးမှ မေတ္တာပို့အမျှဝေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်များ၊ ချောင်များ၊ သီလရှင်ကျောင်းများနှင့် ပြည်သူများ သန့်ရှင်းသောသောက်သုံးရေကို ရာသီမရွေး ဧရာဝတီမြစ်မှရရှိရေးအတွက် မြစ်အတွင်း၌ အလျား- ၂၈၅၀ မီတာ၊ အကျယ်- ၃၅ မီတာ၊ အနက် ၂.၅ မီတာ ရေကြောင်းရရှိရန် ဆောင်ရွက်နေသည့် သောင်တူး၍ရေလမ်းဖောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသ ကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက် ပြီးစီးမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။   

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဧရာဝတီမြစ်အတွင်း အလျား- ၂၈၀၀ မီတာ၊ အကျယ် ၃၅ မီတာ၊  အနက် ၂.၅ မီတာ သောင်တူး၍ ရေလမ်းဖောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား ရေလမ်းကြောင်းတစ်လျောက်အားရေယာဉ်ဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)