ကျိုင်းလပ်မြို့၌ မီးဘေးလုံခြုံရေး ရပ်ကွက်၊ ကျေးရွာ၊ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ကျိုင်းလပ်မြို့၌ မီးဘေးလုံခြုံရေး ရပ်ကွက်၊ ကျေးရွာ၊ ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်


44


ကျိုင်းလပ် မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့်ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီက ကျိုင်းလပ်မြို့ရှိ ရပ်ကွက်၊ ကျေးရွာ၊ ဈေးဆိုင်ခန်းများသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကင်းစင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးမှုတွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် အထူးသဖြင့် မီးလောင်မှု၊ မီးလန့်မှုနှင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ၊ ရေကန်များတွင် ရေအသင့်ထားရှိ အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များလည်း ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့မီးသတ်ဦးစီးမှူးထံမှ သိရသည်။


စန်းစန်းမြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages