ဂွ မတ် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေ့၊ နေ့လယ်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်ကြရန် အရေးကြီးသလို၊ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဓာတ် ထက်သန်ပြီး မိမိနိုင်ငံအတွက်လိုအပ်သည့်အခါ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အကျိုးရှိစွာဖြင့် မိမိနိုင်ငံအတွက် အသင့်ရှိနေစေရန် လိုအပ်ကြောင်း၊ ယခုစာဖတ်ဝိုင်း ဆောင်ရွက်သည့် ရန်ကုန်ဘဆွေ၏ သေသော်မှတည့်ဪကောင်း၏ စာအုပ်ပါ အကြောင်းအရာများကို သိရှိပြီး နိုင်ငံအတွက် အကျိုးရှိသည့် ဝန်ထမ်းများ ဖြစ်စေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းများက ရန်ကုန်ဘဆွေ၏ သေသော်မှတည့် ဪကောင်း၏ စာအုပ်ပါ အကြောင်းအရာ အချက်အလက်များကို ခြုံငုံ၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အကြောင်းအရာအသေးစိတ်ကို အချိန်ယူဖတ်ရှုကြရန် ဦးစီးအရာရှိက ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်ရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် တစ်လလျှင်နှစ်ကြိမ် ဝန်ထမ်းများစာဖတ်ဝိုင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment