လသာမြို့နယ်တွင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ်တွင် ကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


လသာ မတ်လ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ကင်းထောက်လူငယ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့နံနက် (၉) နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး (အ.ထ.က-၁) လသာ​ကျောင်းမှ ကင်းထောက်လူငယ်များက “ပြည်သူ့အတွက် အစဥ်အသင့်” သီချင်းဖြင့်အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကင်း​ထောက်ကြီး ဝဏ္ဏ​ကျော်ထင်​ဒေါက်တာနန္ဒ​ကျော်စွာက အဖွင့်အမှာစကား​ပြောကြားရာတွင် လူငယ်များ၏ သဘာဝမှာ သက်ရွယ်တူအ​ပေါင်းအသင်းများကို အ​​လေးထားသည့်အတွက် ဝါသနာတူလူငယ်​တွေ စုဝေးပြီးအဖွဲ့လိုက်လှုပ်ရှား​ဆောင်ရွက်​စေ​ကြောင်း၊ တစ်ဦး​ကောင်းတစ်​ယောက်​ကောင်း​ဆောင်ရွက်ခြင်းထက် အဖွဲ့အစည်းစိတ်ဓါတ်ဖြင့်​ ဆောင်ရွက်ခြင်းကို အား​ပေးရမည်ဖြစ်​ကြောင်း​၊ စေတနာ့ဝန်ထမ်းနဲ့ လူမှု​ရေးလုပ်ငန်းများမှာ ပါဝင်​ဆောင်ရွက်တတ်​စေလို​ကြောင်း​စသည့်ဖြင့် ပြောကြားခဲ့သည်။​​ ဆက်လက်၍​ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)၊ ခရိုင်​လူငယ်ရေးရာ​ကော်မတီဒုတိယဥက္ကဋ္ဌ ဦး​ကျော်စံက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး (အထက-၁) လသာ​ကျောင်းမှ​ ကျောင်းအုပ်ဆရာကြီး ဦးခင်​မောင်ဝင်းကကင်း ထောက်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကင်း​ထောက်ကျင့်ဝတ်ကို​ ပြောကြားသည်။

ထို့​​နောက် မြန်မာနိုင်ငံကင်း​ထောက်သမိုင်း​ကြောင်းနှင့် (အ.ထ.က-၁) လသာကင်းထောက်လှုပ်ရှားမှုများကို power point Video click ဖြင့် ပြသခဲ့ပြီး​တိုက်ကွမ်ဒိုအဖွဲ့မှလည်း သရုပ်ပြသခဲ့သည်။ ၄င်းကင်းထောက်လူငယ်များအား တာဝန်ရှိသူများက ဆု​တော်​​ငွေများ ​ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြသည်။ အခမ်းအနားသို့ ​မြန်မာနိုင်ငံကင်း​ထောက် ဝဏ္ဏကျော်ထင်၊ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)၊ ခရိုင်လူငယ်​ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ရန်ကုန်တိုင်းလူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ကင်းထောက်လူငယ်သင်တန်းအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၉) မြို့နယ်တွင် မတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကင်းထောက်သင်တန်းသား၊ သင်တန်းသား/ သူ (၄၀) ဦး၊ နည်းပြ (၆) ဦးတို့ဖြင့် တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


နန်းသဲနု​အောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)