ငပလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဝင်ရောက်ဖြေဆို - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ငပလီမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာ ဘာသာရပ်ကိုကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဝင်ရောက်ဖြေဆို


41

ငပလီ မတ်  ၁၂ 

ရခိုင်ပြည်နယ် ငပလီမြို့မှတက္ကသိုလ်ဝင်စာမေးပွဲဒုတိယနေ့အင်္ဂလိပ်စာဘာရပ်ကိုကျောင်းသား၊ကျောင်းသူ(၅၂၂)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

  ထိုသို့ စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၁၂)ရက်နေ့ နံနက်၉နာရီမှ၁၂နာရီထိ၃နာရီမေးခွန်းလွှာကိုသက်ဆိုင်ရာစာစစ်ဌာနများတွင်စစ်ဆေးလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ဆရာမများမှစနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများကကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက်လိုအပ်သည်များကိုပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

  ငပလီမြို့တွင် စာစစ်ဌာနများဖြစ်သည့်အ-ထ-က ငပလီ နင့်အထကခွဲလင်းသာစာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိကျောင်းသား၊ကျောင်းသူ (၅၄၁)ဦးရှိသည့်အနက် ဖြေဆိုသူ (၅၂၂) ဦးပျက်ကွက်(၁၉)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။ 


 မြင့်မြင့်အေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages