သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


သထုံ    မတ်     ၂၃

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာအတတ်ပညာများအား လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အသေးစားစီးပွားရေးလုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများထူထောင်စေလိုပါကြောင်း အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်အေးက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သထုံမြို့နယ်အတွင်း အသေးစားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်၊ တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်၊ ပြည်ပသွင်းကုန် အစားထိုးပြည်တွင်းထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၃ ဦးတို့အား ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် အမျိုးမျိုးပြုလုပ်နည်းတို့ကို ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်း သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို သထုံခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)