ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

  



ရွှေတောင် မတ် ၁၁


ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

      အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် စာစစ်ဌာနများသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ    ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များမှ လိုက်လံစစ်ဆေး ပြီး ကျောင်းသား၊ကျောင်းသူ များလုံခြုံရေး၊ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများ ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ပရဟိတအသင်းအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များ နှင့်ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။

      ရွှေတောင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က(ရွှေတောင်)၊ အ.ထ.က(ကြာနီကန်)၊ အ.ထ.က(ကျီးသဲ)၊ အ.ထ.က(တရုတ်မှော်) စတဲ့ စာစစ်ဌာန ၄ ခုတို့တွင်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စာမေးပွဲ ကိုကျောင်းသား( ၁၆၁)ဦး၊ကျောင်းသူ (၂၂၄ )ဦး၊ စုစုပေါင်း (၃၈၅ ) ဦး ဖြေဆိုခဲ့ကြပြီး ကျောင်းသား ၊ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ခရိုင်/မြိုနယ်ပညာရေးမှူးများ၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ကျဆရာ၊  ဆရာမများ က အနီးကပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)