[ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

[ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

 



ရွှေတောင် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့်  ဘာသာရပ်စွမ်းရည်မြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ်  မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါ  ဆွေးနွေးပွဲ သင်တန်းအား မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းကို ကြီးကြပ် ( ၅) ဦး၊ သင်တန်းနည်းပြ   (၅၆)ဦးဖြင့် သင်တန်းသား/ သူ ( ၈၅၁)ဦးအားအခြေခံပညာနှင့် စက်မှု ၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းဆွေးနွေးသွားမည်ဖြစ်ပြီး  အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မြို့နယ်အဆင့် ဆွေးနွေးပွဲ သင်တန်းကို ကြီးကြပ် ( ၃) ဦး၊ သင်တန်းနည်းပြ     (၁၁)ဦးဖြင့် သင်တန်းသား/ သူ (၂၃၂)ဦးအား အထက( ကြာနီကန်)  ကျောင်းဆွေးနွေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ( ၂၅- ၃- ၂၀၂၄) မှ  ( ၃၀- ၃- ၂၀၂၄) ထိ ( ၅) ရက်နေ့ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)