တောင်ကုတ်မြို့၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပဌာန်းအောင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တောင်ကုတ်မြို့၌ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပဌာန်းအောင်ပွဲကျင်းပ

%E1%81%88

%E1%81%89

MNP ၊ မတ် ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စေတနာရှင်များစုပေါင်း၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းအောင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန် ဖောင်တော်ဦးစေတီတော် ၊ ဓမ္မဝိဇယသာသနာ့ဗိမာန်တော်ကြီး ၌ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ (ကိုင်းရှည်ဆရာတော်) အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူတည်ဆောက်သည်။

ဆက်လက်၍ ဆရာတော်ကြီးများနှင့်ပင့်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ကြပြီးနောက် န၀က္မ္မအလှူငွေများကပ်လှူပူဇော်ကာ ကိုင်းရှည်ဆရာတော် ဘုရားကြီးထံမှ အနုမောဒနာတရားတော် နာယူကြသည်။

        ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကာ အနန္တဂုဏ်ရည် ဆရာတော်မှ ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအားပြန်လည်ပို့ဆောင်သည့် ဂါထာ တော်အားရွတ်ဖတ်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တေင်ကုတ်မြို့နယ်ရှိ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ နှင့် ပင့် သံဃာတော်များ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ ၊ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းထွဋ်လွင်၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့မိမြို့ဖများ ၊ အလှူရှင် များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages