နာဂဒေသ မြို့နယ် ၃ ခုတွင် ဝက်ရူးပြန်ရောဂါရှိသူ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိ သူများကိုပါစစ်မှုထမ်းခိုင်းရန်စာရင်းကောက်ယူနေကြောင်း ကောလာဟလသတင်းများ ကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသ မြို့နယ် ၃ ခုတွင် ဝက်ရူးပြန်ရောဂါရှိသူ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိ သူများကိုပါစစ်မှုထမ်းခိုင်းရန်စာရင်းကောက်ယူနေကြောင်း ကောလာဟလသတင်းများ ကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နန်းယွန်း မြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့တွင် ဝက်ရူးပြန်ရောဂါရှိသူ၊ စိတ်မနှံ့သူ၊ မျက်လုံးတစ်ဖက်မရှိသူများကိုပါစစ်မှုထမ်းခိုင်းရန် စာရင်းကောက်ယူလျက်ရှိကြောင်း ကောလာဟလသတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းသည် မှန်ကန်မှုမရှိကြောင်းနှင့် သက်ဆိုင်ရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုများကို ပြည်သူ များ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဝါဒဖြန့်ဝေနေခြင်းဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အခန်း(၆)တွင် ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် ပြုခြင်းတွင် ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများနှင့် တပ်မတော်ဆေး စစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူများ စသည့်အချက်များ ပါဝင်လျက်ရှိပါသည်။

ထို့ကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ တရားမဝင်ပြည်ဖျက်မီဒီယာ များသည် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားကာ ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများအပေါ် အထင် အမြင်လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)