ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

 



MNP  ၊ပဲခူး မတ် ၉

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် အမျိုးသမီးများ၏ အခွင့်အရေး၊ စွမ်းဆောင်ရည်တို့နှင့် အမျိုးသားများ၏ လူသားအကျိုးပြုမှုတွေကို အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် ၁၉၇၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့မှစ၍ နှစ်စဉ်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်ခံရမှုများ မရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပူပေါင်းလက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်ရှိသော မြန်မာအမျိုးသမီးများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်စုံ၊ ကဏ္ဍစုံတွေမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလျက်ရှိပြီး အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် ပါဝင်နိုင်မှု အခွင့်အလမ်းများကို တန်းတူညီမျှ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ကျား/မ အခြေပြု အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအတွက် (၂၄) နာရီ Help Line သို့ သတင်းပို့တိုင်ကြားမှုစနစ်အပြင် ၂၀၂၂ ခုနှစ်မှစ၍ မည်သည့်ဖုန်းဖြင့်မဆို ၁၅၆၆ သို့ အခမဲ့ သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်ကို တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ဆိုသည့်အတိုင်း အရှိန်အဟုန်ဖြင့် တိုးတက်မှုရယူလိုပါက အမျိုးသမီးကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ NGO များက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သော သမိုင်းမှတ်တိုင်များ Video Clip နှင့် ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာ Video Clip တို့အား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် မူကြိုသမီးငယ်လေးများက အကပဒေသာဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြရာ ပဲခူးတိုင်းဒေသကြီးဒေသကြီး အမျိုးသမီးရေရာအဖွဲ့၊ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် ဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)