ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ



နေပြည်တော်၊ မတ် ၁၃

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းတစ်လျှောက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နှောက်ယှက်တိုက်ခိုက်လျက်ရှိသည့်အတွက် မတ်လ ၇ ရက်နေ့မှစ၍ ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုင်းကာကျေးရွာ၊ မိုးစိမ်းကျွန်းကျေးရွာ၊ စင့်ကင်ကျေးရွာနှင့် ကမ်းနီကျေးရွာများက ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း သောင်းကျန်းသူအဖွဲ့အစည်း၏ ဝါဒဖြန့်သတင်းများ၊ သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေနေသည့် သတင်း Page များတွင် မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရသည်။


အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ဗန်းမော်မြို့ရှိ လုံခြုံရေးတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းများသည် ဗန်းမော်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများကို ကျရောက်ပေါက်ကွဲလျက်ရှိပြီး ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရှိရသည်။


သောင်းကျန်းသူအဖွဲ့အစည်း၏ ဝါဒဖြန့်သတင်းများ၊ သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေနေသည့် မီဒီယာအမည်ခံ သတင်း Page များသည် ပြည်သူများ အမုန်းပွားစေမည့် အကြောင်းအရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် လုပ်ကြံသတင်းများဖြင့် ပြည်သူများကိုနေ့စဉ်နှင့်အမျှ သတင်းအဆိပ်ခတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)