ပုဂ္ဂလိကကျောပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ဧပြီ ၁၂ ရက်အထိ ရက်တိုးမြှင့် ခွင့်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂ္ဂလိကကျောပုဂ္ဂလိကကျောင်းများ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ဧပြီ ၁၂ ရက်အထိ ရက်တိုးမြှင့် ခွင့်ပြု



ရန်ကုန်၊ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ၂၉-၃-၂၀၂၄ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သော ပညာတတ်များမွေးထုတ်၍ နိုင်ငံတော်၏လူမှုစီးပွား မြင့်မားတိုးတက်လာစေရန် ရည်မှန်းချက်ဖြင့် ပုဂ္ဂလိကကျောင်းများ စနစ်တကျ မှတ်ပုံတင်ပြီး ဖွံ့ဖြိုးလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးပေးကြစေလိုပါကြောင်း၊ ယခင်တည်ထောင်ထားသော ပုဂ္ဂလိကကျောင်းများ ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် မတ် ၈ ရက် နောက်ဆုံးထားဆောင်ရွက်ရန် ကြေညာခဲ့ပြီး ယခုအခါ နောက်ဆုံးအကြိမ်အဖြစ် ဧပြီ ၁၂ ရက်အထိ ရက်တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂလိကကျောင်းများကို မြေပြင်ကွင်းဆင်းစစ်ဆေးမှု အတွေ့အကြုံများ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်က ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့၏ မူဝါဒများနှင့် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ ကွာဟချက် မရှိစေရေးအတွက် ယနေ့ကျင်းပသော ညှိနှိုင်းဆွေးနွေးပွဲက အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင် များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပုဂ္ဂလိကကျောင်းများ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ၊ အကြံပြုချက်များနှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် Myanmar Imperial University ကိုရောက်ရှိပြီး စာကြည့်တိုက်၊ စားသောက်ခန်းမ၊ Cafeteria၊ Theatre ခန်းမ၊ စာသင်ခန်းများ၊ ဖူဆယ်ကွင်း၊ အားကစားခန်းမများနှင့် ပန်းချီ၊ ဂီတအနုပညာခန်းများကို လှည့်လည်ကြည့်ရှုကာ နိုင်ငံခြားတက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားမှုကို စစ်ဆေးကြည့်ရှုသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စမ်းချောင်းမြို့နယ်ရှိ အရှေ့တိုင်းကိုယ်ပိုင် အထက်တန်းကျောင်းသို့ရောက်ရှိကာ ကလေးကစားကွင်း၊ အတန်းအလိုက် စာသင်ခန်းများ၊ သိပ္ပံ လက်တွေ့ခန်း၊ ဘက်စုံခန်းမ၊ အားကစားခန်းမ၊ ကွန်ပျူတာခန်း၊ ဂီတနှင့် ပန်းချီခန်း၊ စာကြည့်တိုက်နှင့် ဆေးပေးခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒေသဆိုင်ရာကြီးကြပ်ရေး အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပညာရေးတွင် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ တတ်မြောက်သော ပညာတတ်များမွေးထုတ်၍ နိုင်ငံတော်၏လူမှုစီးပွား မြင့်မားတိုးတက်လာစေရန် ရည်မှန်းချက်ဖြင့် ပုဂ္ဂလိကကျောင်းများ စနစ်တကျ မှတ်ပုံတင်ပြီး ဖွံ့ဖြိုးလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးပေးကြစေလိုပါကြောင်း၊ ယခင်တည်ထောင်ထားသော ပုဂ္ဂလိကကျောင်းများ ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်လွှာတင်သွင်းခြင်းကို ၂၀၂၄ ခုနှစ် မတ် ၈ ရက် နောက်ဆုံးထားဆောင်ရွက်ရန် ကြေညာခဲ့ပြီး ယခုအခါ နောက်ဆုံးအကြိမ်အဖြစ် ဧပြီ ၁၂ ရက်အထိ ရက်တိုးမြှင့်ခွင့်ပြုပေးထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂလိကကျောင်းများကို မြေပြင်ကွင်းဆင်းစစ်ဆေးမှု အတွေ့အကြုံများ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်က ပညာရေးဝန်ကြီးဌာန ပုဂ္ဂလိကကျောင်းများ ကြီးကြပ်ရေးအဖွဲ့၏ မူဝါဒများနှင့် ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ ကွာဟချက် မရှိစေရေးအတွက် ယနေ့ကျင်းပသော ညှိနှိုင်းဆွေးနွေးပွဲက အထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင် များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပုဂ္ဂလိကကျောင်းများ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ၊ အကြံပြုချက်များနှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် လူမှုရေးရာဝန်ကြီး ဦးဌေးအောင်တို့က ပြန်လည်ဆွေးနွေးကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် Myanmar Imperial University ကိုရောက်ရှိပြီး စာကြည့်တိုက်၊ စားသောက်ခန်းမ၊ Cafeteria၊ Theatre ခန်းမ၊ စာသင်ခန်းများ၊ ဖူဆယ်ကွင်း၊ အားကစားခန်းမများနှင့် ပန်းချီ၊ ဂီတအနုပညာခန်းများကို လှည့်လည်ကြည့်ရှုကာ နိုင်ငံခြားတက္ကသိုလ်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားမှုကို စစ်ဆေးကြည့်ရှုသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စမ်းချောင်းမြို့နယ်ရှိ အရှေ့တိုင်းကိုယ်ပိုင် အထက်တန်းကျောင်းသို့ရောက်ရှိကာ ကလေးကစားကွင်း၊ အတန်းအလိုက် စာသင်ခန်းများ၊ သိပ္ပံ လက်တွေ့ခန်း၊ ဘက်စုံခန်းမ၊ အားကစားခန်းမ၊ ကွန်ပျူတာခန်း၊ ဂီတနှင့် ပန်းချီခန်း၊ စာကြည့်တိုက်နှင့် ဆေးပေးခန်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)