မန္တလေးမြို့(၂၀၂၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့(၂၀၂၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး (တတိယအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


ချမ်းအေးသာစံ မတ် ၂၇

မန္တလေးမြို့တွင်  ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ(၂၆)ရက် မွန်းလွဲပိုင်းကကျင်းပရာ မန္တလေးမြို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဆောက်လုပ်ရေးအသင်း၊  ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင် များအသင်း၊ ပုဂ္ဂလိကဆေးရုံအသင်း၊ ကိုယ်ပိုင်ကျောင်းများအသင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲသွားရေး၊ ကျုံးပတ်လည်နှင့် မြို့တွင်းရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်တွင် အနုပညာရှင်၊ တေးသံရှင်များ၏ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဌာန ဆိုင်ရာမဏ္ဍပ်များ၊ ပုဂ္ဂလိကမဏ္ဍပ်များတည်ဆောက်ရေး၊ သင်္ကြန်ကာလအတွင်း ဗဟိုကော်မတီမှ သတ်မှတ်ထားသည့် ရေကစားမဏ္ဍပ်များ နေ့စဉ်ရေစတင် ကစားရမည့်အချိန်၊ ရပ်နားချိန်၊ ပိတ်သိမ်းရမည့်အချိန်များ စနစ်တကျရှိစေရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

၎င်းနောက်မန္တလေးမြို့မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပ ရေးဗဟိုကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းက နန်းမြို့ ကျုံးပတ်လည်မဏ္ဍပ်များ နေရာချထားပေးမှု၊ ဖွင့်ပွဲပိတ်ပွဲ ဆောင်ရွက်ထားမှု၊ နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်များ၏ တေးဂီတ၊ ယိမ်းအကအလှများ၊ မြူးကြွသည့် ကပြဖျော်ဖြေမှုများ စီမံဆောင်ရွက်ထားမှုများနှင့် စပ်လျဉ်း၍ ပြော ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တက်ရောက်လာသူများက အကြံပြုဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)