ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူများအတွက်အုပ်ထိန်း သူမိဘဆရာများထံ စားသောက်ဖွယ်ရာများထောက်ပံ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား ကျောင်းသူများအတွက်အုပ်ထိန်း သူမိဘဆရာများထံ စားသောက်ဖွယ်ရာများထောက်ပံ့

 


MNP ၊ ဂွ   မတ်   ၁၀

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်ရောက်ရှိနေသည့်ကျောင်းသား၊ ကျောင်းသူများ အုပ်ထိန်းသူ မိဘဆရာများအား မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယနေ့  နံနက်ပိုင်းတွင် သွားရောက်တွေ့ ဆုံခဲ့ပြီး စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည် ။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက အ.လ.က(ခွဲ)ကင်းရုံး(၁)တွင် ရောက်ရှိနေသည့် ညောင်ချောင်းကျေးရွာမှ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ အ.မ.က(မူလွန်)သိမ်တမံကျောင်း၌ ရောက်ရှိနေသည့် တောင်ပေါက်ကျေးရွာမှ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ အ.လ.က(မြို့သစ်)ကျောင်း၌ ရောက်ရှိနေသည့် ဆပ်သွားကျေးရွာမှ ကျောင်းသား ကျောင်းသူများအားလည်းကောင်း တွေ့ဆုံပြီး နေထိုင်စားသောက်ရေး၊သောက်သုံးရေနှင့်လျှပ်စစ်မီးရရှိရေး၊ကျန်းမာ ရေး၊ ကြို/ပို့ကိစ္စရပ်များအဆင်ပြေစေရေးအတွက် လိုက်လံကြည့်ရှုပြီး  အစစအရာရာ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက်အားပေး စကားပြောကြားခဲ့ပြီးနောက် ကြက်ဥ၊ ပေါင်မုန့်၊ 

ပရီးမီးယားကော်ဖီမစ်၊ Royal-Dဘူး  စသည့် စားသောက်ဖွယ်ရာများကို သက်ဆိုင်သူ အုပ်ထိန်းသည့်မိဘ/ဆရာများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)