ကလောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ




ကလော မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားမိဘပင်စင်များ လာရောက်ထုတ်ယူရာတွင် ပင်ပန်းမှုမရှိစေဘဲ သက်သာလွယ်ကူစွာထုတ်ယူနိုင်ရေးကို အစဉ်အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘပင်စင်စားကိုယ်တိုင်မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်မှတဆင့် ထုတ်ယူနိုင်ပြီး လက်ရှိပင်စင်လစာထုတ်ယူနေသည့် ဘဏ်ခွဲမှထုတ်ယူရန် အဆင်မပြေသူများအနေဖြင့် မိမိနှစ်သက်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ ပြောင်းရွေ့ထုတ်ယူနိုင်ကြောင်း၊ မိမိပင်စင်ထုတ်ယူသည့်ဘဏ်ခွဲ၌ ငွေစုဘဏ်/စာရင်းရှင်/Mobile Money/Wave Money/ATM စာရင်းသို့ လစဉ်ထည့်သွင်းပေးရန် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ အကြောင်းကြားထားပါက လူကိုယ်တိုင်ဘဏ်ခွဲသို့ သွားရန်မလိုအပ်ဘဲ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ စာရင်းပြောင်းနည်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘဏ်သို့သွားရောက်ရသည့် အကြိမ်အရေအတွက်အချိန်ကုန်ခြင်းတို့ သက်သာစေရန်နှင့် လွယ်ကူလျင်မြန်စေရန် E-Pension စမတ်ကတ်(Smart Card)များပြုလုပ်၍ ပင်စင်ထုတ်ပေးလျက်ရှိပြီး ကိုယ်စားလှယ်ဖြင့် လဲထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားဘဏ်မန်နေဂျာထံမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)