ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင်မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏နှုတ်ဖြင့် အစီရင်ခံတင်ပြမှုအပေါ် အပြန် အလှန် ဆွေးနွေးမှုနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံ ၏ တုံ့ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင်မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏နှုတ်ဖြင့် အစီရင်ခံတင်ပြမှုအပေါ် အပြန် အလှန် ဆွေးနွေးမှုနှင့်စပ်လျဉ်း၍မြန်မာနိုင်ငံ ၏ တုံ့ပြန်ချက်



(ဂျီနီဗာမြို့၊ ၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်)

-​လက်ရှိ ကျင်းပပြုလုပ်လျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ် မြောက်ပုံမှန်အစည်းအဝေးကာလအတွင်း ၁၉-၃-၂၀၂၄ ရက်တွင် အမည်ခံ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြန်  အလှန် ဆွေးနွေးမှုကို သက်ဆိုင်ရာနိုင်ငံ၏ကိုယ်စား လှယ် မပါဝင်ဘဲ ကောင်စီ၏အခြေခံမူများ ဖြစ်သည့်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့မရှိဘဲ ကျင်းပပြုလုပ်ခဲ့သည်။

-​အစီရင်ခံစာကို အထူးအစီရင်ခံစာတင်သွင်းသူများ လိုက်နာရမည့်ကျင့်ဝတ်၏အပိုဒ် ၈ (ဃ)ပါသက်ဆိုင် ရာနိုင်ငံမှကိုယ်စားလှယ်များကို အထူးအစီရင်ခံစာတင်သွင်းသူများ ၏သုံးသပ်ချက်အပေါ်မှတ်ချက်ပြုခွင့်နှင့် ယင်းနိုင်ငံအပေါ်စွပ်စွဲချက်များအပေါ် တုံ့ပြန် နိုင်ခွင့်ပေးအပ်ရန်နှင့် နိုင်ငံ၏တုံ့ပြန်ချက် အကျဉ်း ချုပ်ကို ၎င်းတို့၏အစီရင်ခံစာတွင် နောက်ဆက်တွဲအဖြစ်ဖော်ပြရန်” ဟူသည့်အချက်တို့ကို ချိုးဖောက် ၍သက်ဆိုင်ရာနိုင်ငံ ၏မှတ်ချက်ကို ရယူအတည်ပြုခြင်းမရှိခဲ့ဘဲအဖွဲ့ဝင်နိုင်ငံများသို့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် ဖြန့်ဝေခဲ့သည်။

-​အထူးအစီရင်ခံစာတင်သွင်းသူသည် အဓိကအားဖြင့် ယုံကြည်စိတ်ချရခြင်းမရှိသော အရင်းအမြစ်များမှ အခြေအမြစ်မရှိသောစွပ်စွဲချက်များနှင့်စိတ်ခံစားမှုအပေါ်အခြေခံ ထားသည့်ဇာတ်ကြောင်းများကိုသာ အသုံးပြုထားသည်ကို တွေ့ရှိရသည်။ အတည်ပြု နိုင်သောအချက်အလက်များမပါရှိဘဲ ဇာတ်ကြောင်းများနှင့် ကိုးကားချက်များကို ထည့်သွင်းထားခြင်းသည် သဘောပေါက်နားလည်နိုင်စွမ်းထက် ကျော်လွန်လျက် ရှိပြီး အထူးအစီရင်ခံစာတင်သွင်းသူ၏သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်စေသည်။ ဥပမာအားဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ညအချိန်တွင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းမှာ KIA သင်တန်းကျောင်း အနီးတွင် KIA ခေါင်းဆောင်များက ထိန်းချုပ်ထားသည့် လက်နက်ခဲယမ်းသိုလှောင်ရုံမှ အမိုနီယမ် နိုက်ထရိတ်တန်ချိန် ၁၀၀ ကျော်နှင့် အခြားသောပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ပေါက်ကွဲမှုကြောင့်ဖြစ်သည်။ အစီရင်ခံစာတွင် စွပ်စွဲဖော်ပြထားသကဲ့သို့ တပ်မတော်က ယင်းနေရာတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းမရှိပါ။

-​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဉပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။ ပြည်တွင်းလိုအပ်ချက်များနှင့်အညီ အလားတူ စစ်မှုထမ်းဉပဒေကို ကျင့်သုံးလျက်ရှိသော အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း စစ်မှု ထမ်းဥပဒေကို စတင်မိတ်ဆက်ခဲ့ သည်။ ဥပဒေကိုကောင်းစွာ နားလည်သဘောပေါက်စေရန်အတွက် အစိုးရက အသိပညာ ပေးမှုများကို ဆောင်ရွက်လျက်ရှိပြီး မည်သူမဆို အတင်းအကြပ်စုဆောင်းသည်ကိုသိရှိပါက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ တိုင်ကြားနိုင်သည်။

-​အထူးအစီရင်ခံစာတင်သွင်းသူသည် NUG ၊NUCC နှင့် PDF အကြမ်းဖက်အဖွဲ့များအပြင် သောင်းကျန်းသူအဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ငြင်းဆန်နိုင်ခြင်းမရှိပေ။ သို့ရာတွင် ၎င်းက အပြစ်မဲ့ပြည်သူ ၇၀၀၀ ကျော်ကိုသတ်ဖြတ်ခဲ့သည့်အဖွဲ့များနှင့်ထိတွေ့၍ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာအသိုက်အဝန်းကို ဆက်လက်လှုံ့ဆော်ပြီး လှည့်ဖြား နေဆဲဖြစ်သည်။ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် မြန်မာနိုင်ငံနှင့် အခြားသော နိုင်ငံများ မည်ကဲ့သို့ထိတွေ့ဆက်ဆံသင့်သည်ကို အကြံပြုပြောဆိုနိုင်ခွင့်မရှိပါ။ အထူး အစီရင်ခံစာတင်သွင်းသူ၏ ဘက်လိုက်ကာ လွတ်လပ်မှုနှင့်သမာသမတ်ကျမှုတို့ ကင်းမဲ့ပြီး အကြမ်းဖက်လုပ်ရပ်များအပေါ် ချီးကျူးအမွှမ်းတင်သည့် အပြုအမူများက ၎င်းသည် လွတ်လပ်သောကျွမ်းကျင်သူအဖြစ် ဆက်လက်လုပ်ကိုင်ရန် အရည်အချင်းပြည့်မီခြင်းမရှိ ကြောင်းပြသနေသည်။ ထို့အပြင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့ ရေးအတွက် ၎င်း၏ရည်ရွယ်အကြံပြုချက်များသည် အများပြည်သူဝန်ဆောင်မှုများနှင့် ပြည်သူလူထုကိုထိခိုက်စေရန်နှင့် စီးပွားရေးအသိုက်အဝန်းကိုခြိမ်းခြောက်ရန်ဖြစ်သည်။ 

-​သက်ဆိုင်ရာနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထား သည့်လုပ်ပိုင်ခွင့်များနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ၏မည်သည့်ဆောင်ရွက်မှုကိုမျှလက်မခံကြောင်းနှင့် အသိအမှတ်မပြု ကြောင်း ရပ်တည်ချက်ကို ပြတ်သားစွာ အဖန်တလဲလဲဖော်ပြခဲ့ပြီးဖြစ်သည်။

-​အထူးအစီရင်ခံစာတင်သွင်းသူ၏လုပ်ပိုင်ခွင့်သည် အစိုးရကို ဂုဏ်သိက္ခာကျဆင်းစေ ရန်၊ မြန်မာပြည်သူ လူထုနှင့် အစိုးရအဖွဲ့အစည်းများအကြား စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးရန်နှင့် လူ့အခွင့် အရေးကောင်စီ ကို အသုံးချပြီး နိုင်ငံတကာအသိုက် အဝန်းကို လှည့်ဖြားရန် လက်နက်တစ်ခုအဖြစ်သာ မြန်မာ နိုင်ငံက ယုံကြည်သည်။

-​မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်ဆွေးနွေးမှုအတွင်း မျှတပြီး အပြုသဘောဆောင် သောမိန့်ခွန်းများ ပြောကြားပေးခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များအား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်သည်။


မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)